Friday 11 January 2013

လိုအပ်ချက်သွီးစက်



- ပျောက်ကွယ်လုနီဝင်ဆည်းဆာ
ကြွင်းကျန်နီရောင်ခြည်ထဲ
ဖုန်မှုန့် အလိပ်တိက
မျက်စိမှိတ်ခေါင်းငိုက်ချလိုက်တေခါ
လေးဝတိလခြမ်းမြီမှာ
နီမင်းကြီးကွယ်ပျောက်လို့ 
နှမြောတသအလွမ်းစိတ်ချေက
ဝေဒနာတခုကို
အလိပ်လိုက်အလိပ်လိုက်
ရင်ခေါင်းထဲကိုယူလာရေ ။
- ဒေပိုင်ညဇာသားတိထဲမှာ
ဟောင်းလောင်းဖြစ်နီရေရင်ဘတ်နန့် 
ကြမ္မာငင်နီရေဝေဒနာအတွက်
ဇာအချိန်ထိအောင် ခါးသီးစူးရှ
နီရဖို့ လဲမဆိုနိုင် ။
- ယေဇူးနန့် ငါရို့ မျိုးဆက်
နှလုံးအိမ်ထဲကဝိဝါဒ
ယုံကြည်ချက်တိရှင်သန်
နီပွင့်ရေအရပ်ကိုမျက်နှာမူ
ကြယ်လတ်တေခေါင်းခင်ထဲပျံသန်း
မီးလျံထဲကဓါးတလက်ပိုင်
ငရဲမီးကိုသွန်ချ
သမိုင်းတခေတ်က
လေးဝတီလခြမ်းမြီမှာ
ခါးသီးစူးရှခရ
နီမင်းကြီးကွယ်ပျောက်ခြင်းအတွက်
သမိုင်းရာဇဝင်လှန်
အသစ်တဖန်ဖန်တီးဖို့ 
အာရုံဦးပန်းချီကားတချပ်
နီပွင်ရေနိန့် ရက်နန့် 
ကျစ်လစ်စွာရွှီးဆွဲဖို့ 
နီရဲရေသွီးစက်တိကို
စုတ်ချက်တင်ပီးကတ်ရဖို့ ယေ ။ ။
အညတရ
"

No comments:

Post a Comment

Myanmar Army makes hydropower project like a shield to fight ArakanArmy

 Myanmar Army utilizes Thahtay stream hydroelectric project site like a shield to attack back Arakan Army(Arakha Army) nowadays. The intrude...