Saturday 12 January 2013

သင်းကွဲငှက်ခရီး


-ညဥ့်က---
ပိန်းပိတ်မဲမှောင်
မိစ္ဆာဝင်ပူး၊လမိုင်းကပ်မြူးဂေ
သီခြင်း၏ပြယုဂ်က
သစ်ပင်ဖျားတိထက်
ယိမ်းနွဲ့ ဗျာယ်ကခုန်
အရိပ်တခုပိုင်ဗြီးလွှား
လျပ်တပြကွယ်ပျောက်လားလီယင့်။
-သင်းကွဲခငှက်
ခြောက်သွီ့ ခြင်းကမ္ဘာ
ကန္တာရလွင်ပြင်မှာ
ညဥ့်နန့် နိန့် ထဲခရီးနှင်တကိုယ်တည်း--
မိစ္ဆာညဥ့်နက်နက်၊တခြမ်းပဲ့လနန့် 
မရပ်မနားပျံသန်းယင်းလေ
ယိုစီးကျခရ၊ဒဏ်ရာတိထက်က
သွီးနီစက်နန့် ၊လူးလွန့် ဖြတ်ကျော်
မိစ္ဆာအတတ်၏အသုဘညဥ့်တွင်
အသက်တရာမနီသာလည်း
အမှုတရာမရှုနိုင်ခ
ပုံပြင်မဟုတ်၊သခြင်းလည်းမဟုတ်
အချစ်အစွန်းနန့် အိုစာနီခရေ
ဆယ်စုနှစ်များ၏ရင်ခုန်သံ
ခေါင်းခင်မြီကြီး၏လျှိဝှက်ချက်
ဖြေချင်းချက်ကမရခ--
တရိပ်ပြီးကေတရိပ်
ပွားစည်းလာရေ၊ကင်ဆာကလပ်စည်းတိပိုင်
အသစ်စက်စက်ပစ္စုပ္ပန်တည့်တည့်ထံ
ချဉ်းကပ်လို့ လာနီရေဂါ။
-နိုင်းရတန်ဖိုးတိကို
အလီးချိန်တတ်တေကံကြမ္မာ
နယူတန်၏တတိယနိယာမ
သုံးပွင်ဆိုင်ရုပ်လုံးကြွဆိုစွာက
အရက်ပျံစိမ်ထားရေ
ဖန်ပုလင်းတလုံးထဲ
မသက်မသာနန့် 
ဒေနီရာမှာ
ဇယားကရှပ်လာရေ။
-သို့ သော်
ဝှက်ဖဲချပ်တိကို
ကံကြမ္မာထံမှာ
မျက်ရည်ခံထိုး
ပေါင်နှံဖို့ အတွက်
သိုက်မြုံကိုစွန့် လို့ 
ဒေသမိုင်းခရီးကို
ပျံသန်းနီခြင်းမဟုတ်ပါ။ ။
(အညတရ)

No comments:

Post a Comment

Myanmar Army makes hydropower project like a shield to fight ArakanArmy

 Myanmar Army utilizes Thahtay stream hydroelectric project site like a shield to attack back Arakan Army(Arakha Army) nowadays. The intrude...