Sunday 13 January 2013

မြောက်ဦး



ရှည်လျားသည့်ရခိုင်သမိုင်းတလျောက်တွင်ရခိုင်ဘုရင်များထီးနန်းစိုက်ခဲ့ကြသည့်မြို့ ပြများထဲမှနောက်ဆုံးမြို့ ပြတခုဖြစ်သည့်မြောက်ဦးမြို့ ၏အမည်ကိုအစီစဉ်တကျလေ့လာနိုင်ရန်အလိုငှာဤဆောင်းပါးအားအကျဉ်းမျှရေးသားပါသည်။
အေဒီ-၉၅၁-၉၅၇ တွင်ဝေသာလီမြို့ ကိုထူတောင်အုပ်ချုပ်ခဲ့ကြသောမင်းဆက်များထဲမှ
စူဋ္ဌဒ္စြားမင်းဆက်၏ကိုးယောက်မြောက်ဘုရင်မင်းကြီးသည်(Yunan)ပြည်မှရခိုင်ပြည်သို့ ရေလမ်းဖြင့်အပြန်တွင်( Negris )   အငူ၌်သင်္ဘောပျက်၍နတ်ရွာစံလေသည်။
ရခိုင်ဝေသာလီမှယူနမ်သို့ ခရီးမထွက်မှီဘုရင်ကြီးသည်၎င်း၏ရတနာလက်စွပ်အားမိဖုရားကြီးစန္ဒာဒေဝီကိုပေးအပ်ကာအကယ်၍၎င်းသည်ဝေသာလီသို့ ပြန်မရောက်နိုင်ခဲ့ပါကထိုရတနာလက်စွပ်ဖြင့်မချောင်မကြပ်ဝတ်၍တန်သည့်အမျိုးသားကိုဘုရင်အဖြစ်တင်မြောက်ပေးရန်မှာကြားခဲ့လေသည်။
ဘုရင်ကြီးနတ်ရွာစံသည့်သတင်းအားကြားသိရပြီးနောက်မိဖုရားကြီးသည်မှာကြားထားခဲ့သည့်အတိုင်းဆောင်ရွက်ရန်ဝန်ကြီးများကိုခေါ်ယူ၍ဆွေးနွေးတိုင်ပင်ကာဘုရင်အသစ်ရှာဖွယ်စေလေသည်။တမြို့လုံးတပြည်လုံးရှာဖွယ်မတွေ့ သည့်အဆုံးတွင်တောင်တန်းဒေသများတွင်နေထိုင်ကြသည့်ရခိုင်လူမျိုးတို့ ၏တိုင်းရင်းနွယ်ဖွားမြိုလူမျိုးညီအကိုနှစ်ယောက်နှင့်သားတယောက်ကို၎င်းလက်စွပ်နှင့်တော်တန်ကြောင်းတွေ့ ရသဖြင့်နန်းတော်သို့ ယူဆောင်လာခဲ့ကြသည်။အကိုဖြစ်သူ(အမြသူ)ကိုဘုရင်မြောက်၍ညီဖြစ်သူကိုအိမ်ရှေ့မင်းဖြစ်စေလေသည်။
မျိုးခြားဘုရင်သည်၎င်း၏ညီအိမ်ရှေ့မင်းသားကို၎င်း၏မိဖုရားနှင့်သံသယဖြစ်ပြီးနန်းလုမည်စိုးရိမ်ကာဇတ်လမ်းဆင်၍အဆိပ်မြှားဖြင့်ပစ်သတ်လိုက်လေသည်။ဤသည်ကိုထိုကာလတွင်အိမ်ရှေ့မင်း၏သားတော်(ပဲဖြူ)ကလွဲ၍သံသယဝင်သိရှိသူမရှိခဲ့။၎င်းသည်နန်းတော်၌ဆက်နေလျှင်အသက်အန္တရယ်စိုးရိမ်ရသဖြင့်ယခုမြောက်ဦးမြို့ ၏အနီးတဝိုက်တောတောင်များရှိရာသို့ ထွက်ပြေးခဲ့လေသည်။
ထိုအချိန်တဝိုက်တွင်အရှေ့ဖက်တောင်များပေါ်တွင်နေကြသည့်ပျူလူမျိုးများသည်နန်းတွင်းမတည်ငြိမ်မှူနှင့်ဘုရင်ကြီးစူဋ္ဌဒ္စြားနတ်ရွာစံသည့်သတင်းကိုသိကြရသဖြင့်တိုက်ခိုက်ရန်အလိုငှာစစ်ချီလာကြလေသည်။လေးမြို့မြစ်အား၎င်းတို့ လှေငယ်များဖြင့်အုပ်စုခွဲကာမြောက်ဦးကမ်းသို့ တက်ကြစဉ်အသင့်စောင့်နေသည့်ပဲဖြူနှင့်သူ့ နောက်ပါများကအပြတ်ရှင်းလိုက်ကြသည်။ဤသည်ကိုပျူတို့ ၏အကြီးအကဲကသံသယဝင်လာသဖြင့်အမြင့်ဆုံးတောင်ပေါ်သို့ တက်၍ကြည့်ရာပဲဖြူနှင့်သူ့ နောက်လိုက်များသတ်ဖြတ်ထားသည့်အလောင်းများပြန့် ကြဲနေသည်ကိုတွေ့ ရသဖြင့်တိတ်လန့် ကာလာလမ်းသို့ ပြန်လှည့်ပြေးလေသည်။သို့ သော်၎င်းတို့ သည်မလွတ်မြောက်ပဲစစ်သုံ့ ပန်းအဖြစ်ဖမ်းစီးခံရပြီးသစ္စာခံစေလေသည်။ဤသို့ အင်းအားတရပ်တည်ဆောက်နိုင်ကာ၎င်း၏ဦးရီးတော်ဘုရင်နှင့်နန်းတော်ကိုပြန်တိုက်ယူအောင်မြင်ခြင်း၏အစအဦးဖြစ်သောကြောင့်ယင်းနေရာကို “ ဖြစ်မြောက်ခြင်း “ မြောက် နှင့် “ အစအဦး “ ဦး ဟု ခေါ်ဆိုခဲ့ကြလေသည်။
( မျောက်နှင့်ဒေါင်းပေါင်းဖက်၍အဥ ဥသောအိပ်ရာဝင်ပုံပြင်မှာသက်ကြီးရွယ်အိုများကရင်သွေးငယ်များကို၎င်းတို့ ၏အရွယ်နှင့်လိုက်၍ပြောကြားကြရာမှထွင်ကျယ်လာခြင်းဖြစ်သည်။ )
(မောင်မိုးဇော်)

No comments:

Post a Comment

Myanmar Army makes hydropower project like a shield to fight ArakanArmy

 Myanmar Army utilizes Thahtay stream hydroelectric project site like a shield to attack back Arakan Army(Arakha Army) nowadays. The intrude...