Saturday 19 January 2013

တကိုယ်ရေမှတ်တမ်း


 -ပစ္စက္ခကာလတချို့
ပုံသဏ္ဍန်လွတ်အပူခဲနန့် 
ညဥ့်နက်ခရဗျာယ်။
-အဆုံးနိဂုံးမရှိ
နောက်ဆုံးစခန်းမရှိ
အချိန်၏သဘောတရားထဲ
အသက်ရှုမွန်းကြပ်
သောကနန့် အကျဉ်းစံ
တဖြည်းဖြည်းချင်းကြုံလှီမွဲပြာ
မီးယပ်သွီးမမှန်အအပျိုမပမာရာ
မွဲပြာပြာနုတ်ခမ်းအထက်က
ထွက်သက်ဝင်သက်
တပင်တပန်းခိုးဝှက်သိုလှောင်
ငရဲမီးများပျစ်ခဲစေးထန်း
အချိန်စက်ကွင်းသတ်ကွင်းအတွင်း
မျက်ရည်နန့် စည်းချက်ရှိုက်သံ
ထွက်ပေါက်မရှိဆောင့်ထိုး
ပဲ့တင်ထပ်ရိုက်ခတ်လို့ 
နားမလည်နိုင်သိရေအနုမာနအယူအဆ
ဆိတ်သုန်းခြင်းအချိန်ဆိုစွာ
ပိဠိကတ်တော်လာ
အကြောင်းတော်မဟုတ်။
-သို့ သော်---
တကိုယ်ရေဘဝ
ပျက်သုန်းမှုအချိန်
အနိစ္စထာဝရ
ဒဏ္ဍာရီကျွန်တော်က
သောကဖိစီး
အလီးစီးလာရေ။ ။
အညတရ
"

No comments:

Post a Comment

Myanmar Army makes hydropower project like a shield to fight ArakanArmy

 Myanmar Army utilizes Thahtay stream hydroelectric project site like a shield to attack back Arakan Army(Arakha Army) nowadays. The intrude...