Friday 11 January 2013

သေးငယ်သောရဟတ်စက်ဘီးများ

by Maung Moe Zaw on Friday, January 11, 2013 at 3:06am ·

"အသေးအမွှားပါ…….”.အရေးမကြီးပါ “ဟူ၍ကျွန်တော်တို့ ပြောလေ့ပြောထရှိကြပါသည်။  ယင်းကြောင့်အလိုအလျှောက်ပင်သေးငယ်သည့်အရာများ၊ အရေးမကြီးသည့်အရာများကိုပေါ့ပေါ့ဆဆနှင့်ပင်လျစ်လှူပြုတတ်ကြသည့် အကျင့်ကို ကျွန်တော်တို့  ၌စွဲမြဲနေခဲ့ ကြသည်။” နှမ်းတစေ့နှင့်ဆီမဖြစ်”လိပ်ခုန်၍ဖုန်မထ”စသည်ဖြင့် စောဒကတက်ခဲ့ ကြသည်။ နှမ်းတစေ့ ချင်းပေါင်းမှနှမ်းတတောင်းရလာသည်။ နှမ်းတတောင်းချင်းပေါင်းမှနှမ်းတပုတ်ရလာသည်ကိုအလေးနက်ထား၍သတိချပ်မိရန်အတွက်ကားကျွန်တော်တို့မေ့လျှော့ တက်ကြပါသည။်သဲတပွင့်ချင်းစိသည် အလွန်သေးငယ်သော်လည်း ၎င်းတို့ အားအမြှောက်အများပေါင်းစပ်လိုက်ပါ လျှင်ကျယ်ပြန့် သည် မြေပြင်ကြီးဖြစ်လာရသကဲ့ သို့  ရေတစက်ချင်းပေါင်းစပ်လိုက်ခြင်းဖြင့် ပင်လယ်သမုဒ္ဒရာဖြစ်လာနိုင်ပါသည်။ သေးငယ်သည့်မျိုးစေ့ တစေ့ ချင်းမှ မြင့်မားကြီထွားသည့် သစ်ပင်ကြီးများဖြစ်လာကာကျယ်ပြန့် နက်ရိုင်းသည့်သစ်တောကြီးများဖြစ်လာနိုင်ပါသည်။ လူ့ သမိုင်းများထဲမှသေးငယ်ပုကွေးသည့်အထင်ကရသူရဲ့ ကောင်းတချို့ ကိုပြန်ကြည့်ပါ။ ပြင်သစ်နိုင်ငံမှ Napoleon  Bonaparte သည်ငါးပေနှင့်တလက္မ၊ ရောမအင်ယာမှ Julius Caesar သည် ငါးပေနှင့် နှစ်လက္မ ဂရိတ်နိုင်ငံမှ Alexander the Great သည် ငါးပေနှင့်သုံးလက္မ စသည်ဖြင့်ရှိကြသူများဖြစ်ကြပါသည်။  သိုသော် ဤသေးငယ်ပုကွေးမူသည် ၎င်းတို့ ၏ စိတ်စွမ်းအင်နှင့် စစ်ရေးကျွမ်းကျင်မူကိုဟန့် တားဖျက်စီးချင်ခြင်းမရှိခဲ့ ကြပေ။ ယင်းအပြင်အိန္ဒိယနိုင်ငံကို စတင်အင်အားသုံးတည်ဆောက်ခဲ့သူ “အသောက”မင်းကြီးသည်လည်းအချိုးအစားမကျ ပုကွေးလှသူတဦးပင်ဖြစ်ပါသည်။ ကမ္ဘာ့မြေပုံထက်မှနိုင်ငံတချို့ ကို ကြည့်မည်ဆိုလျှင်လည်း သေးငယ်သည့် နိုင်ငံများဖြစ်လင့်ကစား တိုးတက်ဖွံဖြိုးမူ အရှိန်အဟုန်ဖြင့် ရပ်တည်နေကြသည်ကို တွေ့ နိုင်ပါသည်။
သက္ကရာဇ် 2008 ခုနှစ်တွင် Georgia နိုင်ငံကနေ၍ ခွဲထွက်ပြီး ရပ်တည်ချင်သည့် South Ossetia သည်အလွန်ပင်သေးငယ်သော ဒေသတခု ဖြစ်ပါသည်။ ယင်းဒေသသည် Abkhazia ဆိုသည့် ဒေသနှင့်ပူးတွဲ၍ ရှိသည့် နယ်မြေတခုဖြစ်သည်။ ထိုဒေသနှုစ်ခုပေါင်း၍ လူဦးရေမှာ သုံးသိန်းကျော်ခန့် သာရှိသည်။ ယင်းတို့ သည် သေးငယ်လွန်းသည်ဖြသ်သော်လည်းGeorgia မှခွဲထွက်၍ လွတ်လပ်ရေးကို ကိုယ့်စီကြေ ငြာခဲ့ သည် ။ အနောက်အုပ်စုလက်မခံခဲ့ သော်လည်း Russia နှင့် Nicaragua တို့ က အသိမှတ်ပြု လက်ခံခဲ့ ကြသည် ။ 2008 ခု အစောပိုင်းကာလမှာပင် လူဦးရေ နှုစ်သန်းသာသာရှိသည့် Kosovo သည် Serbia မှ ခွဲ ထွက်၍ လွတ်လပ်ရေးကို ကြေငြာခဲ့ ပြန်သည်။ ဤအကြိမ်တွင်  အနောက်အုပ်စုက အသိမှတ်ပြု၍ Russia တို့ က လျစ်လျူပြုခဲ့ ကြသည်။ တခါ Georgia မှ မိုင်တထောင်အကွာအဝေးတွင် Moldova ဒေသရျိသည် ။ လူဦးရေ သုံးသန်းခွဲ့ ခန့် ရှိသည်။ ယင်းသည် Ukraine နှင့် Romania  တို့ ၏ကြားတွင်ရှိသည်။ ရုရှဇာဘုရင်များက 1812 တွင်သိမ်းပိုက်ခဲ့ ကြဖူးသည်။ 1918 တွင်ယင်းသည် Romania နှင့် ပေါင်း၍ နေခဲ့ သည်။ တစ်ကြိမ်ရုရှတို့ က ပြန်၍ 1940 တွင်သိမ်းပိုက်ခဲ့ ကြပြန်သည်။ 1991 တွင်ကား Moldova သည်လွတ်လပ်ရေးကို ရရှိခဲ့ လေသည်။ ယင်းသည် ကမ္ဘာကုလသမ္မက အဖွဲ့ ဝင်နိုင်ငံဖြစ်လာပြီး ဥရောပကောင်စီ ကမ္ဘ ကုန်သွယ်ရေး အဖွဲ့ နှင့်များစွာသောကမ္ဘလုံးဆိုင်ရာ အဖွဲ့ အစည်းများ၏ အဖွဲ့ ဝင်ဖြစ်လာခဲ့ လေသည်။ သေးငယ်သည့် နိုင်ငံ၊ သေးငယ်သည့်နယ်မြေဖြစ်သော်လည်း ကြီးမားသည့်နိုင်ငံများနှင့်  ရင်ဘောင်တန်း၍ ရပ်တည်နိုင်သည်ကို တွေ့ ကြရမည်ဖြစ်ပါသည်။ ယင်းကြောင့် သေးငယ်မူအပေါ် ဂရုမပြုခြင်း၊ အရေးမစိုက် အထင်သေးခြင်းများကို မပြုသင့်ပေ။
နှုစ်ဆယ်ရာစုသည် နိုင်ငံငယ်အမြှောက်အများပေါ်ထွန်းခဲ့  ကြသည့် ရာစုတခုဖြစ်ခဲ့ သည် ။ အကြောင်းမူ အာဏာရှင်များနှင့် ကိုလိုနီအစိုးရ များကို ဆန့် ကျင့်သော အမျိုးသားတော်လှန်ရေးများကြောင့် ဖြစ်ခဲ့ သည်။ ဤကနေ ကမ္ဘာကြီးတွင် တကျော့ ပြန် ပုံစံဖြင့် မိမိတို့ လူမျိုးစုအား မိမိတို့ လူမျိုးစုကအုပ်ချုပ်သည့် နိုင်ငံရေးစနစ် ရှင်သန်စပြလာနေသည်။ သိုသော်စီးပွါးရေး၏ အသွင်သဏ္ဍန်မှာ အရှိန်အဟုန်ဖြင့် “globalization” ကမ္ဘာလွမ်းခြုံစီးပွါးရေးဖြစ်လာနေသည်ကို တွေ့ ရသည်။  တခါ အမျိုးသားတော်လှန်ရေး သမိုင်းများကို ကြည့်ကြမည်ဆိုလျှင် ကျူးဘားနိုင်ငံ၏တော်လှန်ရေးကို 12 ဦးဖြင့် စတငင်ခဲ့ ကြောင်း တွေ့ ကြရသည်။ ဗမာလွတ်မြောက်ရေးတပ်မတော်ကို ရဘြော်သုံးကျိပ်နှင့်စတင်တည်ထောင်ခဲ့ ကြသည်။ သေးငယ်နည်းပါး လွန်းသည့် အရေအတွက်မှ ကြီးမားကျယ်ပြန့် ပြီး သမိုင်းကိုတွင်ခဲ့ သည့်အောင်ပွဲများကို တွေ့ ကြရမည်ဖြစ်သည်။
ရခိုင့်တော်လှန်ရေးသမိုင်းကို ကြည့်ကြမည်ဆိုလျှင်လည်း တော်လှန်ရေး အင်အားကြီးမားလာချိန်များရှိခဲ့ ကြသကဲ့ သို့ ဆုတ်ယုတ်လျှော့ နည်းလာချိန်များလည်း ရှိခဲ့ ကြရသည်။ ဤသည်မှာ ဓမ္မာတာပင်ဖြစ်သည်။ တော်လှန်ရေး ဒီရေ အရှိန်အဟုန်အမြင့်ဆုံးရောက်ရန်သာ အရေးကြီးသည်။ ဤကဲ့သို့ ရောက်ရှိရန်မှာလည်း ချက်ချင်းလက်ငင်းနှင့် အချိန်တို အတွင်းတွင် ဖြစ်နိုင်ရန်မှာကား မလွယ်ကူနိုင်ပေ။ အမြုတေ အဆင့်မှတဆင့်ဆင့် တစတစဖြင့် ကြီိးထွားလာရန် အချိန်တချိန်ကို စိတ်ရှည်သေးခံပြီး စောင့်ကြရမည်သာဖြစ်သည်။ စောင့်ကြရမည်ဆိုသည်မှာလည်း မည့်သည့်အလုပ်၊ မည်သည့် အခြေအနေမှ မလုပ်ဆောင်မဖော်ထုတ်ပဲ ထိုင်စောင့်နေ၍ ဖြစ်လာမည်ကား မဟုတ်ပေ။ အနည်းဆုံး တစုံတခုကို အမြဲမပြတ်သင့်တင့်လျှောက်ပတ်စွာဖြင့် မိမိ၏ကိုယ့်စွမ်း၊ ဥာဏ်စွမ်းရှိသလောက်ဝိုင်းဝန်းပံ့ ပိုးကြရမည်သာဖြစ်သည်။ အင်အားသေးငယ်သည့် ရခိုင်တော်လှန်ရေးအဖွဲ့ အစည်းများကို ကြည့်၍ စိတ်ပျက်ခြင်း၊ အမျိုးမျိုးသော ဝေဖန်ချက်များပြုခြင်း၊ ကျောခိုင်း၍ ပါဝင်ပတ်သက်မူများကို စိတ်မ၀င်းစားခြင်းစသည့် ဖြစ်တည်မူများကို ပြုပြင်၍ သမိုင်းပေးတာဝန်တခုသဖွယ်တတ်နိုင်သည့်ဖက်မှ ၀ိုင်းဝန်းပံ့ ပိုးကူညီခြင်းပြုမှ ဖြစ်ပါမည်။
အချုပ်ဆိုရမည်ဆိုလျှင် ကျွန်တော်တို့ ဘ၀၌ သေးငယ်၍ အရေးမပါဟု ယူဆရသည့် အရာများ၊ အမြှောက်အများရှိကြပါသည်။ ယင်းတို့ ကို အသေးအမွှားပါ၊ အရေးမကြီးပါဟုထောက်ပြ၍ ရကောင်းရမည်ဖြစ်သော်လည်း ယင်းတို့ သည်ရှေ့ သို့ တိုးတက်ကြီးထွား၊ အရေးပါအရာရောက်လာရန် မရှိမဖြစ် အထောက်အကူပြုသည့် ရဟတ်စက်ဘီးများ အသေချာဖြစ်နေကြပါလိမ့်မည်။

                                                                      ခိုင်သာမြ
 

No comments:

Post a Comment

Myanmar Army makes hydropower project like a shield to fight ArakanArmy

 Myanmar Army utilizes Thahtay stream hydroelectric project site like a shield to attack back Arakan Army(Arakha Army) nowadays. The intrude...