Friday 11 January 2013

သင်းကွဲငှက်ဆန္ဒ


-ညဥ့်အလင်းရှင်လမင်း
ဂစ္စ္ပပမြစ်ထဲမှာ
အဝတ်ဗလာရီဆင်းချိုးနီယင့်
သန်းခေါင်တိုင်ဗျာယ်ထင်ပါရေ
သေလာဂီရိတောင်ထိပ်က
စေတီ(ဇေတီ)ခေါင်းလောင်းထိုးတတ်တေလီညှင်း
မြစ်ပြင်ကိုတခေါက်ဗြီးဆင်းလာရေ။

-အရှေ့ ဖက်ကမ်းမလှမ်းမကမ်းမှာ
နို့ ရည်ပြည့်တင်းမိခင်သားမြတ်ပိုင်
မြီစာပုံအောက်အိပ်မောကျရေဓညဝတီ
ကြယ်တာရာမိုးဂေါင်းခင်အောက်ကအနိစ္စ
နှစ်တိ၏ပရိစ္ဆေဒ
အပြင်းစားဒဏ်ရာတိက
ဂစ္စ္ပပမြစ်တေးသံကို
ဈာပနဖြစ်စီရေ။

-ကြာခပါဗျာယ်
လောကဓံခြီတောက်အောက်
ကံကြမ္မာယဇ်ပလ္လင်မှာ
လှိုင်(လည်)စင်းဗျာယ်ပူဇော်ရ
သိုက်မြုံပျက်သင်းကွဲငှက်
နှလုံးသားဆန္ဒက
အို------
လင်္ကာချစ်သူရို့ 
ရဲရင့်မြင့်မြတ်တေကဗျာသစ်နန့် 
မိုးထအာရုံကိုပန်းကုံးစွပ်ကြိုဖို့ 
ဓညဝတီကို
ဒဏ္ဍာရီထဲကနိုးထဖို့ 
ဂစ္စပမြစ်ရီတဖားနန့် 
မျက်နှာသစ်ပီးလိုက်ကတ်ပါ။ ။
အညတရ

( ကျွန်တော့်ဆရာဦးဦးလှစော၏ကဗျာတပိုင်းတစကိုမှတ်မိသလောက်ကျွန်တော့်စကားလုံးတချို့ 
နန့် ရောနှောဗျာယ်ရွီးထားခြင်းပါ )

No comments:

Post a Comment

Myanmar Army makes hydropower project like a shield to fight ArakanArmy

 Myanmar Army utilizes Thahtay stream hydroelectric project site like a shield to attack back Arakan Army(Arakha Army) nowadays. The intrude...