Monday 14 January 2013

သမုဒ္ဒယဆီးခါး

(၁)
ခုန်နှုန်းတိကြားက
ဝှက်ကွယ်ထားနှလုံးသား
စိတ်ကူးလမ်းလျှောက်
နိဂုံးကွင်းပြင်ထံ။
(၂)
ပန်းတပွင့်ခြီရာ
ရင်ခွင်ထဲခတ်နှိပ်
ရှုးသွပ်ခံစား
လိပ်ပြာတိကြား
နှလုံးသားဝှက်ကွယ်
နိဂုံးသတ်ရေ။
(၃)
ဂဟေဆော်ပြတ်ထွက်
ငွေရောင်အိပ်မက်နန့် 
ကုတ်ခြစ်ခံအာကာ
အစင်းလိုက်အက်ကွဲ
နာကြင်အော်ဟစ်
မျက်ရည်သွန်းရေ။
(၄)
လှိုင်းထက်ကလောင်းချေ
သမုဒ္ဒယနှလုံးသားက
အချိန်တိုင်းလူးလွန့် 
တမ်းတချစ်စိတ်နန့် 
ဂမ္ဘိရပင်လယ်
မိုးကုတ်စက်ဝိုင်းဝိုင်းနီရေ။
(၅)
ယမာကာခွက်ဖိတ်ကျ
နှလုံးသားထက်
မဖြစ်သင့်သက်သီ
အသိကိုတုတ်ရစ်
စူးနစ်ကြင်ရေ
သမုဒ္ဒယဆိုစွာလားဝေ။ ။
အညတရ

No comments:

Post a Comment

Myanmar Army makes hydropower project like a shield to fight ArakanArmy

 Myanmar Army utilizes Thahtay stream hydroelectric project site like a shield to attack back Arakan Army(Arakha Army) nowadays. The intrude...