Sunday 20 January 2013

အဘာသိစီချင်ပါရေ



 ( စောသူဇာဦး )

အဘာ အဘာ ဒေအချိန်မှာ ငိုနိဖို့လား
အစွမ်းမရှိ သားသမီးတိကြောင့်
ပျက်စီးခရေ အမွီအနှစ်တိ
နှမြောတသ ရင်နာလွန်းလို့
ရင်ဘတ်နှစ်ခြမ်း ဗျမ်းဗျမ်းဆာလို့ ကွဲနီကေလေး
အဖတစ်ယောက်လုံး ရင်ကွဲနီယင့် မသိမမြင်
ဥာဏ်နည်းလွန်းလို့ သွီးသံရဲရဲနှလုံးသားထက်မှာ
နှစ်လက်မဒေါက်နန့် ဓာတ်ပုံတက်ရိုက်
ဝမ်းနည်းခြင်းမကောက်တတ်တေ ဒေသမီးမိုက်တိကို
ကြည့်ပနာ ရင်မွမ်းလို့ရာ ဟိလီပါဖို့။
အဘာ အခု အသက်ရူလို့တောင် ၀ပါယင့်လား
သားဆိုးသားမိုက် စနစ်ဆိုးအောက်က
မလွတ်မြောက်နိုင် ပျက်စီးစီကြောင်း ကြံစည်ပနာ
သူရို့ သပ်သျှိုထားခဖူးရေ
သေရည် သေရက် သားမိုက်မသိ
အကောင်းအဆိုး မခွဲခြားနိုင်
နားရှိလို့ရာ ကြားရပါယင့်
ရခိုင်သားဖြစ်လို့ အရက်သောက်စော်
မွီးရေအမင် ၀မ်းရီဆာယင့် အဘာသားတိ
ယစ်လို့ကောင်းတုန်း အံဖတ်ဆို့လို့ သီတောင်မက
အဖမြီမှာ အဘာမုန်းရေ ဒေအရက်က
စံချိန်တင်လို့ ကောင်းတုန်းပါသိ။
အဘာ အဘာ နားကျဉ်းလို့ရာ ဟိလီပါဖို့
သတိမမူ ဂူမမြင်မိခ
တချက်တဖြတ် ပေါ့လျော့ခလို့
အဖမြီကို ခွီးကောင်တိက
အပိုင်သိမ်းချင်ပါရေလတ်
အဘာသားတိ ဆိုးခကေလေး
ဒေတချီမှာ သွီးစည်းကတ်လို့
အဘာရင်ထဲ ၀မ်းသာပီတိဖြစ်ရပါဖို့
သွီးတိမြီခကျရကေလေး အဘာမနာကျဉ်းပါကေ့
အာဇာနည်သွီးရဲရဲပြောင်လို့ ညီညွတ်ချစ်ခင်
အခုဆိုကေ တောင်နန့်မြောက်က
လက်ချင်းဆက်လို့ ချစ်ချစ်ခင်ခင် ရှိနီပါယင့်
စတေးခရေ သမီးကညာ သီတာထွေးလည်း
ကောင်းရာမွန်ရာ ရောက်ပါစီ
ကျဆုံးခရေ မျိုးချစ်သားတိ
ဂုဏ်ရောင်ထွန်းပြောင်
သံသရာတဆုံး ဖြစ်ရာဘဝ
ဂုဏ်တင့်တယ်ရေ ရခိုင်ဇာနည်ဖြစ်ပါစီ
မျက်ရည်စက်လက် ဆုတောင်းပါယင့်။ 
အဘာ အဘာ ပြောရပါဖို့
တစ်ပူမပြီး တစ်ပူထပ်ဆင့်
ရင်ကွဲနာ ကျလေး
အဘာ ချစ်သူ နဒီလေးမြို့
သူရို့ ကြံစည် ဆည်ဆောက်ချင်လို့
အကွက်ကောင်းကောင်း
မြို့မြောက်ဦးကို လိုရေအချိန်
ရီနစ်စီဖို့ အဖမဲ့သား
ရီနည်းငါးတိ ခံရပေါင်းက
များပါဗျယ်။ 
ယင်းချင့်တောင်က
မလိမ်မာရေ အဘာသားတိ
ပြောခါချိုယင့်
ရခိုင်ပြည်တွက် ဆိုပါဝါ
ဆိုခါဆိုစော် လုပ်နည်းမကျ
အဖပြည်ကို မငဲ့ကွက်လို့
နှစ်ဖွဲ့ခွဲပနာ
မပေါင်းနိုင် မခေါ်နိုင်
မာန်မာနနန့် ပညာချည်းပြိုင်
ဆုံးခန်းတိုင်ကေ
တောကြောင်တိရာ လက်ခမောင်းခတ်ဖို့
ဒေအနာဂတ်ကို ဇာနှလုံးသားနန့်
စိုင်းစားနိုင်ပါဖို့သိလေး။ ။
(စောသူဇာဦး)

No comments:

Post a Comment

Myanmar Army makes hydropower project like a shield to fight ArakanArmy

 Myanmar Army utilizes Thahtay stream hydroelectric project site like a shield to attack back Arakan Army(Arakha Army) nowadays. The intrude...