Saturday 12 January 2013

ရိုးမမျက်ရည်



- ရိုးမရင်ခွင်က
သစ္စာတရားကိုနင်းခြီပစ်ဖို့ 
အသားထဲကလောက်တကောင်၏
ခါးသီးမှုလုပ်ရပ်တိ
မွတ်သိပ်ခြင်းဆန္ဒတခုနန့် 
ဆိတ်သုန်းခြောက်ကပ်ကန္တာရမှာ
မီးလျှံတောက်လောင်
သင်္ချိုင်းမြီလုပ်
ရင်ကိုခွဲထားခရေ။
- တခါ--
အပူလှိုင်းတံလျှပ်တိရိုက်ခတ်
လေးဝတီလခြမ်းမြီအနှံ့ 
မြီကြီးတိဆူပွက်အက်ကွဲ
အဝီစိထိလမ်းမြင်
ရင်ဗလောင်ဆူခလို့ 
ဆောက်တည်ရာမရှိရေဘဝနန့် 
ဥသြငှက်က
အတန့် မရရီဂျီးဗျာယ်သောက်နီခလီယင့်။
- သမိုင်းတခေတ၊်အလင်းမီးအိမ်
လောင်စာဆီမီး၊ယိုစိမ့်ခမ်းခြောက
ကြယ်မရှိကောင်းကင်အောက်
ကျိန်စာသင့်ခညဉ့် မှာ
မရဏမိစ္ဆာက၊အသက်ဝိဥာဉ်ကို
အငမ်းမရစားသောက်
တောင်ပိုင်ပုံအရိုးစုတိနန့် 
ရာဇဝင်သမိုင်းကပဲ့ကွဲခလီယင့်။
- ရခိုင်ရိုးမ၏သွီးစက်
နှလုံးသားကယိုထွက်ပြည့်လျှံ
မခံနိုင်နာကြင်အံကြိတ်လို့ 
မျက်ရည်အသွင်ယိုထွက်
ပါးစိကိုက်ဗျာယ်ကြည့်နီလီယင့်။ ။
အညတရ
"

No comments:

Post a Comment

Myanmar Army makes hydropower project like a shield to fight ArakanArmy

 Myanmar Army utilizes Thahtay stream hydroelectric project site like a shield to attack back Arakan Army(Arakha Army) nowadays. The intrude...