Sunday 27 January 2013

ခွီးရူး



ခွီးရူးအူသံကြားရရေ
တစ်ကောင်
နှစ်ကောင်
ဆယ်ကောင်
အကောင် တစ်ရာ
အကောင်မကန်
လိုင်တောင်းမပါ ဒဏ်ရာမဟိ
ခွီးရူးတိ သွီးရူးသွီတန်းအူနိန်ကတ်ယင့် ။

တစ်မွန်းတည့်ထက် ကောင်းစားနိန်ရေ ခွိးရူးတိ
လူ့ ကို မမူ
သံဃာကို မလေးစား
လမ်းကြားထဲ ပတုန်းထောင်ပနာ ဇင်းဂြာ(စင်္ကြံ)လျှောက်လို့ 
အာရုံထဲ နိန်မထိထိုင်မသာ
ထပနာလိုက်သတ်ဖို့ ကလဲ မစွမ်း
ပင်ပမ်းလိုက်တေ ဝေ ။

နီပူတိပြင်းလာဗျာယ် ...
အရူးပြင်းလာဖို့  ခွီးတိအတွက်
စိုးရိမ်စိတ်ကလဲ များလာမိယင့်
ခွီးရူးရောဂါ တခြားခွီးတိကိုလည်းကူး
လောကမှာ ခွီးရူးတိများသထက်များလာနိန်ရေ ။

သတိထား ဝေ
ခွီးရူးမကိုက်တေ လူသားစင်စစ်ဖြစ်ဖို့ 
ကောင်းစားနိန်ရေခွီးရူးတိ ဇာနမွန့် တည့်လားပတ်စီ
တနိန့် တော့ ခွီးရူးတိလားရာလမ်းစွာ မရဏအကျလမ်းရာ
ငါရို့ ခွီးရူးရောဂါပျောက်ဆီးလို ရေ
ငါရို့ ခွီးရူးသတ်ဖို့  လက်နက်တိလိုရေ
ငါရို့ ခွီးရူးမဟုတ်တေ လူသားစစ်စစ်ဘက်တော်သားတိလိုရေ
အားတင်းထားဝေ ...
ခွီးရူးတိမဟိရေ ကမ္ဘာမှာ
ငါရို့ ရီးပခကတ်ဖို့ သမိုင်း
မျိုးဆက်တိအတွက် တန်ဖိုးထားစရာ တစ်ခုတော့ဖြစ်လိမေ ။

ခွီးရူးအူသံ ကြားနိန်ရရေ
အစိမ်းသရဲ မှော်ကဝေမာယာနန့် 
ဆွဲဆွဲငင်ငင် ဂီတ
ငါ့နားထဲ အစပ်စုပ်ဆုံးကြားနိန်ရရေ ...
မွန်းတည့်ပေါင်းဇာနှစ်ခု ဇာနှစ်ခုထိလဲ
ငါရို့ ဒေခွီးရူးလည်ခြောင်းသွီးနန့်  လောကကို ယစ်ပူဇော်ဖို့ လိုနိန်ယာဝေ ။

ခိုင်ရမ္မာ(၂၇/၀၁/၂၀၁၃)

No comments:

Post a Comment

Myanmar Army makes hydropower project like a shield to fight ArakanArmy

 Myanmar Army utilizes Thahtay stream hydroelectric project site like a shield to attack back Arakan Army(Arakha Army) nowadays. The intrude...