Saturday 12 January 2013

မျဉ်းပြိုင်များအားကျော်ဖြတ်ခြင်း

"

နိန့် နန့် ညဥ့်၏
ငရဲခေါ်သံ ၊ စိတ်အာရုံပိတ်ဆို့ 
သီဆုံးခြင်းတံခါးတွင်
ဈာပနပြယုဂ်၊ လီညှင်းခတ်ခန်းဆီးကန့် လန့် ကာ
လျှပ်တိုက်လားလာနီလီရေ။

ယင်းမှာ--
အညှိခံလူသားကျွန်တော်စွာ
ပုဂ္ဂလဓိဋ္ဌာန်နန့် ဓမ္မဓိဌာန်ကိုနှလုံးသွင်းယင်း
ဆန္ဒနန့် ဘဝကမျဉ်းပြိုင်တိကိုဆွဲချ
ဆုံချက်တိကင်းခရ။

တခါ-----
ပရမတ္တတရား
အီးစက်အငွေ့ အသက်ကြား
ထုတ်ချင်းပေါက်နှလုံးသား
အချိန်များမကျန်ဗျာယ်။

သို့ သော်--
မြုပ်နှံခရအရင်းခံဘဝက
ဆန္ဒလမ်းမထက် နိဒါန်းခြီစုံချ
အမြုတေသစ္စာ မျဉ်းပြိုင်ခေါက်ချိုးလို့ 
စိတ္တအာသီသမိုင်းဂါရီ
ရာဇဝင်ထဲခုန်ဆင်း ဝိဝါဒလမ်းအတွင်း
အစဉ်သဖြင့်မောင်းနှင်နီလီယင့်။

ဒေလမ်းမထက်
ပရိယေသနရင့်ကြမ်းလှပဋိပက္ခ
ကံကြမ္မာ၏အာမေဋိတ်က
ပဲ့တင်လှိုင်းများတွန့် လိမ်
သီဝရီများပွားစည်း
ခြားနားခြင်းများပေါက်ကွဲမှ
နှောင်ဖွဲ့ ထားဝိဝါဒက
ယုံကြည်မှူအရအသားကျခရ။ ။
အညတရ
"

No comments:

Post a Comment

Myanmar Army makes hydropower project like a shield to fight ArakanArmy

 Myanmar Army utilizes Thahtay stream hydroelectric project site like a shield to attack back Arakan Army(Arakha Army) nowadays. The intrude...