Tuesday, 15 January 2013

တော်လှန်ရေး၏လမ်းမများ

Monday, 14 January 2013

သမုဒ္ဒယဆီးခါး

(၁)
ခုန်နှုန်းတိကြားက
ဝှက်ကွယ်ထားနှလုံးသား
စိတ်ကူးလမ်းလျှောက်
နိဂုံးကွင်းပြင်ထံ။
(၂)
ပန်းတပွင့်ခြီရာ
ရင်ခွင်ထဲခတ်နှိပ်
ရှုးသွပ်ခံစား
လိပ်ပြာတိကြား
နှလုံးသားဝှက်ကွယ်
နိဂုံးသတ်ရေ။
(၃)
ဂဟေဆော်ပြတ်ထွက်
ငွေရောင်အိပ်မက်နန့် 
ကုတ်ခြစ်ခံအာကာ
အစင်းလိုက်အက်ကွဲ
နာကြင်အော်ဟစ်
မျက်ရည်သွန်းရေ။
(၄)
လှိုင်းထက်ကလောင်းချေ
သမုဒ္ဒယနှလုံးသားက
အချိန်တိုင်းလူးလွန့် 
တမ်းတချစ်စိတ်နန့် 
ဂမ္ဘိရပင်လယ်
မိုးကုတ်စက်ဝိုင်းဝိုင်းနီရေ။
(၅)
ယမာကာခွက်ဖိတ်ကျ
နှလုံးသားထက်
မဖြစ်သင့်သက်သီ
အသိကိုတုတ်ရစ်
စူးနစ်ကြင်ရေ
သမုဒ္ဒယဆိုစွာလားဝေ။ ။
အညတရ

Sunday, 13 January 2013

မြောက်ဦး



ရှည်လျားသည့်ရခိုင်သမိုင်းတလျောက်တွင်ရခိုင်ဘုရင်များထီးနန်းစိုက်ခဲ့ကြသည့်မြို့ ပြများထဲမှနောက်ဆုံးမြို့ ပြတခုဖြစ်သည့်မြောက်ဦးမြို့ ၏အမည်ကိုအစီစဉ်တကျလေ့လာနိုင်ရန်အလိုငှာဤဆောင်းပါးအားအကျဉ်းမျှရေးသားပါသည်။
အေဒီ-၉၅၁-၉၅၇ တွင်ဝေသာလီမြို့ ကိုထူတောင်အုပ်ချုပ်ခဲ့ကြသောမင်းဆက်များထဲမှ
စူဋ္ဌဒ္စြားမင်းဆက်၏ကိုးယောက်မြောက်ဘုရင်မင်းကြီးသည်(Yunan)ပြည်မှရခိုင်ပြည်သို့ ရေလမ်းဖြင့်အပြန်တွင်( Negris )   အငူ၌်သင်္ဘောပျက်၍နတ်ရွာစံလေသည်။
ရခိုင်ဝေသာလီမှယူနမ်သို့ ခရီးမထွက်မှီဘုရင်ကြီးသည်၎င်း၏ရတနာလက်စွပ်အားမိဖုရားကြီးစန္ဒာဒေဝီကိုပေးအပ်ကာအကယ်၍၎င်းသည်ဝေသာလီသို့ ပြန်မရောက်နိုင်ခဲ့ပါကထိုရတနာလက်စွပ်ဖြင့်မချောင်မကြပ်ဝတ်၍တန်သည့်အမျိုးသားကိုဘုရင်အဖြစ်တင်မြောက်ပေးရန်မှာကြားခဲ့လေသည်။
ဘုရင်ကြီးနတ်ရွာစံသည့်သတင်းအားကြားသိရပြီးနောက်မိဖုရားကြီးသည်မှာကြားထားခဲ့သည့်အတိုင်းဆောင်ရွက်ရန်ဝန်ကြီးများကိုခေါ်ယူ၍ဆွေးနွေးတိုင်ပင်ကာဘုရင်အသစ်ရှာဖွယ်စေလေသည်။တမြို့လုံးတပြည်လုံးရှာဖွယ်မတွေ့ သည့်အဆုံးတွင်တောင်တန်းဒေသများတွင်နေထိုင်ကြသည့်ရခိုင်လူမျိုးတို့ ၏တိုင်းရင်းနွယ်ဖွားမြိုလူမျိုးညီအကိုနှစ်ယောက်နှင့်သားတယောက်ကို၎င်းလက်စွပ်နှင့်တော်တန်ကြောင်းတွေ့ ရသဖြင့်နန်းတော်သို့ ယူဆောင်လာခဲ့ကြသည်။အကိုဖြစ်သူ(အမြသူ)ကိုဘုရင်မြောက်၍ညီဖြစ်သူကိုအိမ်ရှေ့မင်းဖြစ်စေလေသည်။
မျိုးခြားဘုရင်သည်၎င်း၏ညီအိမ်ရှေ့မင်းသားကို၎င်း၏မိဖုရားနှင့်သံသယဖြစ်ပြီးနန်းလုမည်စိုးရိမ်ကာဇတ်လမ်းဆင်၍အဆိပ်မြှားဖြင့်ပစ်သတ်လိုက်လေသည်။ဤသည်ကိုထိုကာလတွင်အိမ်ရှေ့မင်း၏သားတော်(ပဲဖြူ)ကလွဲ၍သံသယဝင်သိရှိသူမရှိခဲ့။၎င်းသည်နန်းတော်၌ဆက်နေလျှင်အသက်အန္တရယ်စိုးရိမ်ရသဖြင့်ယခုမြောက်ဦးမြို့ ၏အနီးတဝိုက်တောတောင်များရှိရာသို့ ထွက်ပြေးခဲ့လေသည်။
ထိုအချိန်တဝိုက်တွင်အရှေ့ဖက်တောင်များပေါ်တွင်နေကြသည့်ပျူလူမျိုးများသည်နန်းတွင်းမတည်ငြိမ်မှူနှင့်ဘုရင်ကြီးစူဋ္ဌဒ္စြားနတ်ရွာစံသည့်သတင်းကိုသိကြရသဖြင့်တိုက်ခိုက်ရန်အလိုငှာစစ်ချီလာကြလေသည်။လေးမြို့မြစ်အား၎င်းတို့ လှေငယ်များဖြင့်အုပ်စုခွဲကာမြောက်ဦးကမ်းသို့ တက်ကြစဉ်အသင့်စောင့်နေသည့်ပဲဖြူနှင့်သူ့ နောက်ပါများကအပြတ်ရှင်းလိုက်ကြသည်။ဤသည်ကိုပျူတို့ ၏အကြီးအကဲကသံသယဝင်လာသဖြင့်အမြင့်ဆုံးတောင်ပေါ်သို့ တက်၍ကြည့်ရာပဲဖြူနှင့်သူ့ နောက်လိုက်များသတ်ဖြတ်ထားသည့်အလောင်းများပြန့် ကြဲနေသည်ကိုတွေ့ ရသဖြင့်တိတ်လန့် ကာလာလမ်းသို့ ပြန်လှည့်ပြေးလေသည်။သို့ သော်၎င်းတို့ သည်မလွတ်မြောက်ပဲစစ်သုံ့ ပန်းအဖြစ်ဖမ်းစီးခံရပြီးသစ္စာခံစေလေသည်။ဤသို့ အင်းအားတရပ်တည်ဆောက်နိုင်ကာ၎င်း၏ဦးရီးတော်ဘုရင်နှင့်နန်းတော်ကိုပြန်တိုက်ယူအောင်မြင်ခြင်း၏အစအဦးဖြစ်သောကြောင့်ယင်းနေရာကို “ ဖြစ်မြောက်ခြင်း “ မြောက် နှင့် “ အစအဦး “ ဦး ဟု ခေါ်ဆိုခဲ့ကြလေသည်။
( မျောက်နှင့်ဒေါင်းပေါင်းဖက်၍အဥ ဥသောအိပ်ရာဝင်ပုံပြင်မှာသက်ကြီးရွယ်အိုများကရင်သွေးငယ်များကို၎င်းတို့ ၏အရွယ်နှင့်လိုက်၍ပြောကြားကြရာမှထွင်ကျယ်လာခြင်းဖြစ်သည်။ )
(မောင်မိုးဇော်)

Saturday, 12 January 2013

Disappearing



- A drop of water in the pan Heated on fire
Delightfully leaped and jumped
And then silently vanished
- As I was committed to be
In the womb of mom, a drop of water came to me
Hench, I was changed as a drop of water
- Into the pan heated on fire
Delightfully jump down
And then silently I vanished
- On the day near in future
In the evaporations and raining,
I will be there definitely.
  Maung Moe Zaw

Everyday Life



Little joys peep in
When we are busy
With daily chores.
Small drops trickle down
To mingle with smiles
While we sit among old friends.
They all evaporate
Without a trace
Of ever being there.
Do they not mean a thing?
Do they not say words
Beyond meaning?
A beginning here
An end there
And we go on living
Ordinary lives in ordinary ways.

SF

သင်းကွဲငှက်ခရီး


-ညဥ့်က---
ပိန်းပိတ်မဲမှောင်
မိစ္ဆာဝင်ပူး၊လမိုင်းကပ်မြူးဂေ
သီခြင်း၏ပြယုဂ်က
သစ်ပင်ဖျားတိထက်
ယိမ်းနွဲ့ ဗျာယ်ကခုန်
အရိပ်တခုပိုင်ဗြီးလွှား
လျပ်တပြကွယ်ပျောက်လားလီယင့်။
-သင်းကွဲခငှက်
ခြောက်သွီ့ ခြင်းကမ္ဘာ
ကန္တာရလွင်ပြင်မှာ
ညဥ့်နန့် နိန့် ထဲခရီးနှင်တကိုယ်တည်း--
မိစ္ဆာညဥ့်နက်နက်၊တခြမ်းပဲ့လနန့် 
မရပ်မနားပျံသန်းယင်းလေ
ယိုစီးကျခရ၊ဒဏ်ရာတိထက်က
သွီးနီစက်နန့် ၊လူးလွန့် ဖြတ်ကျော်
မိစ္ဆာအတတ်၏အသုဘညဥ့်တွင်
အသက်တရာမနီသာလည်း
အမှုတရာမရှုနိုင်ခ
ပုံပြင်မဟုတ်၊သခြင်းလည်းမဟုတ်
အချစ်အစွန်းနန့် အိုစာနီခရေ
ဆယ်စုနှစ်များ၏ရင်ခုန်သံ
ခေါင်းခင်မြီကြီး၏လျှိဝှက်ချက်
ဖြေချင်းချက်ကမရခ--
တရိပ်ပြီးကေတရိပ်
ပွားစည်းလာရေ၊ကင်ဆာကလပ်စည်းတိပိုင်
အသစ်စက်စက်ပစ္စုပ္ပန်တည့်တည့်ထံ
ချဉ်းကပ်လို့ လာနီရေဂါ။
-နိုင်းရတန်ဖိုးတိကို
အလီးချိန်တတ်တေကံကြမ္မာ
နယူတန်၏တတိယနိယာမ
သုံးပွင်ဆိုင်ရုပ်လုံးကြွဆိုစွာက
အရက်ပျံစိမ်ထားရေ
ဖန်ပုလင်းတလုံးထဲ
မသက်မသာနန့် 
ဒေနီရာမှာ
ဇယားကရှပ်လာရေ။
-သို့ သော်
ဝှက်ဖဲချပ်တိကို
ကံကြမ္မာထံမှာ
မျက်ရည်ခံထိုး
ပေါင်နှံဖို့ အတွက်
သိုက်မြုံကိုစွန့် လို့ 
ဒေသမိုင်းခရီးကို
ပျံသန်းနီခြင်းမဟုတ်ပါ။ ။
(အညတရ)

Snare of Mistake

 One weakness or the other that I have
One fault or others lapse that I too have
So, the whole history is a record of my errors
And also sufferings as a consequence of such
My behaviors to you dear---

Roughly, feature about human being character
Which I know is that it is not ready to forgive
The mistakes in others---
Along with the fact, I am still trapped 
  Maung Moe Zaw

Absolute Blue


- You are blue like a blind sky
When moon and sun return to its
Untraced uterus to rebirth in time
- You are blue like stagnant water
When ebb and tide happen in its
River still to flow away soon
- You are blue like shadow of an anonymous tomb
When death or live comes to fateful days
Of my life to conclude itself.
    Maung Moe Zaw

ရိုးမမျက်ရည်



- ရိုးမရင်ခွင်က
သစ္စာတရားကိုနင်းခြီပစ်ဖို့ 
အသားထဲကလောက်တကောင်၏
ခါးသီးမှုလုပ်ရပ်တိ
မွတ်သိပ်ခြင်းဆန္ဒတခုနန့် 
ဆိတ်သုန်းခြောက်ကပ်ကန္တာရမှာ
မီးလျှံတောက်လောင်
သင်္ချိုင်းမြီလုပ်
ရင်ကိုခွဲထားခရေ။
- တခါ--
အပူလှိုင်းတံလျှပ်တိရိုက်ခတ်
လေးဝတီလခြမ်းမြီအနှံ့ 
မြီကြီးတိဆူပွက်အက်ကွဲ
အဝီစိထိလမ်းမြင်
ရင်ဗလောင်ဆူခလို့ 
ဆောက်တည်ရာမရှိရေဘဝနန့် 
ဥသြငှက်က
အတန့် မရရီဂျီးဗျာယ်သောက်နီခလီယင့်။
- သမိုင်းတခေတ၊်အလင်းမီးအိမ်
လောင်စာဆီမီး၊ယိုစိမ့်ခမ်းခြောက
ကြယ်မရှိကောင်းကင်အောက်
ကျိန်စာသင့်ခညဉ့် မှာ
မရဏမိစ္ဆာက၊အသက်ဝိဥာဉ်ကို
အငမ်းမရစားသောက်
တောင်ပိုင်ပုံအရိုးစုတိနန့် 
ရာဇဝင်သမိုင်းကပဲ့ကွဲခလီယင့်။
- ရခိုင်ရိုးမ၏သွီးစက်
နှလုံးသားကယိုထွက်ပြည့်လျှံ
မခံနိုင်နာကြင်အံကြိတ်လို့ 
မျက်ရည်အသွင်ယိုထွက်
ပါးစိကိုက်ဗျာယ်ကြည့်နီလီယင့်။ ။
အညတရ
"

အိပ်မက်ပြယုဂ်




-ဂိမန္တ၏အာဏာစက်
တံလှပ်များစွာက
ရင်ခုန်သံကိုအရည်ပျော်
ဘဝထဲဖေါက်ဝင်စွဲကပ်
ခြောက်သွီ့ ဗျာယ်အဆုံးသတ်။
-သို့ သော်--
အဇ္ဇျတ္တသန္တန်အထဲ
ယုံကြည်ထားခဘဝ
တခြမ်းပဲ့ခကံကြမ္မာ
သမိုင်းများ၏ပဲ့တင်သံမှာ
ပဉ္ဇလက်ရာသီက
ပျံသန်းခြင်းခေါင်းခင်အောက်
ဂမ္ဘိရတိမ်စနန့် မိုးစက်တိကိုကြွင်းကျန်။
-တခါ--
အိပ်မက်ခရ ကန္တာရကမ္ဘာမှာ
မျှော်လင့်သောလမင်း
အီးမြခြင်းအလင်းနန့် 
အိုအေစစ်အထက်
ရောင်ပြန်ဟပ်စဉ်မှာ
ပြယုဂ်တခုဖြစ်တည်နီလီယင့်။ ။
အညတရ
"

Arakan Army did not arrest six Bangladeshis

On November 13, 2024, RFA Burmese News reported a story titled  "AA Detains Six Bangladeshi Khaing Thukha Nationals."   The repo...