Monday, 11 February 2013
ရခိုင့်တပ်မတော်မှစစ်ဦးစီးချုပ်ဗိုလ်ခိုင်ရာဇာနှင့်ကရင်လွတ်မြောက်ရေးတပ်မတော်မှဖဒိုမူးလွေအပါအဝင်ခေါင်းဆောင်ခြောက်ဦးကို(၁၁.၂.၁၉၉၈) နေ့ တွင်အိန္ဒိယစစ်ထောက်လှန်းရေးအရာရှိတဦးဖြစ်သည့်မစ္စတာဂရောဝါးကဗမာစစ်တပ်နှင့်ပူးပေါင်းကာလုပ်ကြံသတ်ဖြတ်ခဲ့သည့်(၁၅)နှစ်ပြည့်ဝမ်းနည်းအောက်မေ့သတိရအခမ်းအနားတခုကိုရခိုင့်တပ်မတော်မှရဲဘော်ကြီးများကနယ်သာလန်နိုင်ငံရောက်ရခိုင်ညီအကိုမောင်နှမများနှင့်အတူကျင်းပခဲ့ကြသည်။
ယင်းအခမ်းအနားတွင်တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ထက်ဆုံးစွမ်းစွမ်းတမံကိုယ်ကျိုးမဖက်လုပ်ဆောင်လားခဲ့သည့်ရခိုင့်သားလှရတနာဗိုလ်ခိုင်ရာဇာနှင့်တကွကျဆုံးခဲ့ရသည့်ခေါင်းဆောင်များကိုတမိနစ်ငြိမ်သက်ဦးညွတ်အလေးပြုခြင်းနှင့်စတင်ပြီးနယ်သာလန်နိုင်ငံရောက်ရဲဘော်ကြီးများထဲမှခေါင်းဆောင်ကိုဓညလင်း၊ကိုသိန်းအောင်ကျော်ရို့ က၎င်းရို့ ၏အမြင်နှင့်ခံစားချက်များကိုဆွေးနွေးတင်ပြကြသည်။
ကိုဓညလင်း၊ကိုသိန်းအောင်ကျော်နှင့်နယ်သာလန်ရောက်ရဲဘော်ကြီးများမှာအဆိုပါ(၁၁.၂.၁၉၉၈) နေ့တွင်စစ်ဦးစီးချုပ်ဗိုလ်ရာဇာနှင့်အတူထိုင်းနိုင်ငံမှတဆင့်ပင်လယ်ရေကြောင်းဖြင့်အိန္ဒိယနိုင်ငံသို့စစ်ဆင်ရေးတခုပြုလုပ်ရန်၊အခြေစိုက်စစ်စခန်းတခုဖွင့်ရန်အိန္ဒိယစစ်ဖက်ဆိုင်ရာရို့၏သဘောတူညီချက်ဖြင့်ရောက်ရှိလာခဲ့ကြသူများဖြစ်ခဲ့ကြသည်။
အိန္ဒိယစစ်ထောက်လှမ်းရေးအရာရှိမစ္စတာဂရောဝါးကသစ္စာဖောက်ပြီးဗမာစစ်ဖက်အရာရှိများနှင့်ပူးပေါင်းကာစစ်ဦးစီးချုပ်ဗိုလ်ရာဇာ၊ဗိုလ်မှူးစောထွန်း၊ဗိုလ်ရန်နိုင်၊ဗိုလ်လင်းဇာခိုင်၊ဖဒိုမူးလွေနှင့်ဗိုလ်မြင့်ဆွေ ရို့ကိုသစ္စာမဲ့စွာလုပ်ကြံသတ်ဖြတ်ခဲ့သည်။ယင်းနောက်ကိုဓညလင်း၊ကိုသိန်းအောင်ကျော်နှင့်ယခုနယ်သာလန်ရောက်ရဲဘော်ကြီးများကိုအင်အားသုံးဖမ်းဆီးကာဥပဒေပုဒ်မများဖြင့်စွဲချက်တင်ပြီးနှစ်ပေါင်း(၁၃)နှစ်ကျော်ကြာသည်အထိဖမ်းဆီးထားခဲ့သည်။
နိုင်ငံတကာရောက်ရခိုင်သူ၊ရခိုင်သားရို့ ၊တိုင်းရင်းသားမဟာမိတ်ရို့ ၊ဒီမိုကရေစီအင်အားစုရို့ နှင့်အိန္ဒိယမှအမှန်တရားကိုလိုလားသောပြည်သူရို့အပါအဝင်အထင်ကရအိန္ဒိယရှေ့နေများဖြစ်သည့်မစ္စနန္ဒီတာဟာဆာ၊မစ္စတီဘာစန္ဒာ၊မစ္စတာသိဒ္ဒိတနှင့်မစ္စတာရှာမာရို့ ၏စိတ်အားကိုယ်အားဖြင့်ကူညီဆောင်ရွက်ပေးမှူများကြောင့်ကိုဓညလင်း၊ကိုသိန်းအောင်ကျော်နှင့်ရဲဘော်ကြီးများမှာအိန္ဒိယမှလွတ်မြောက်လာနိုင်ခဲ့ကြပြီးယ္ခုနယ်သာလန်နိုင်ငံတွင်နေထိုင်လျှက်ရှိကြကြောင်းသိရပါသည်။
Friday, 8 February 2013
ဘုရားဝမ်းပူ
မဟာယာနဗုဒ္ဓဘာသာထွန်းကားသည့်တရုတ်ပြည်တွင်ဘုရားဝမ်းပူရုပ်ထုများအားဗုဒ္ဓ၏ကိုယ်စားအဖြစ်ကိုးကွယ်ဆည်းကပ်ကြပါသည်။ယင်းသည်မဟာယာနဗုဒ္ဓ          ဘာသာ၏သင်္ကေတတခုသဖွယ်ဖြစ်လာခဲ့သည်မှာနှစ်ရာထောင်ချီ
၍ပင်ကြာညောင်းလာခဲ့ပြီဖြစ်ပါသည်။၎င်းဘုရားဝမ်းပူများကို( ဟိုချန် ) ဟုတရုတ်ရို့ကခေါ်ဝါကြောင်းမှတ်သား
ရပါသည်။ကျွန်တော်ရို့်ရခိုင်ပြည်တွင်လည်းအဆိုပါဘုရားဝမ်းပူများကိုမြောက်ဦးခေတ်နှောင်းပိုင်းတွင်အဘိုး၊အဘောင်ရို့ကဥစ္စာပစ္စည်းများကိုရန်သူဗမာရို့မတရားသိမ်းယူခြင်းမှကာကွယ်နိုင်ရန်အသုံးပြုခဲ့ကြကြောင်းသိရပါသည်။
ရက်စက်စွာသတ်ဖြတ်ခဲ့ကြသည့်အပြင်ရွှေငွေရတနာများကိုလုယှက်ယူဆောင်ကြသည်။မဟာမုနိဘုရားနှင့်တကွများစွာသောအဖိုးမဖြတ်နိုင်သည့်ရတနာများကိုခိုးဝှက်ယူငင်ခဲ့ကြသည်။ဤသို့ ရန်သူဗမာများ၏ခိုးဝှက်လုယှက်မှူများမှလွတ်ကင်းနိုင်ရန်အလိုငှာရခိုင်အဘိုးအဘောင်ရို့ သည်၎င်းရို့ ၏ဥစ္စာပစ္စည်းရတနာများကိုဘုရားဝမ်းပူများ၏ဝမ်းအတွင်း၌ထည့်သွင်းကာလုံခြုံရမည်ထင်သည့်တောတောင်များထဲတွင်ဝှက်ကွယ်ထားခဲ့ကြသည်။
ဗုဒ္ဓဘာသာကိုမိရိုးဖလာယုံကြည်ကိုးကွယ်လာခဲ့ကြသည့်ကျွန်တော်ရိုံ့ရခိုင်များကဘုရားရုပ်ထုများကိုရှိခိုးရိုသေကြသည်ကြောင့်တကြောင်း၊တောတောင်များ၌ဝှက်ကွယ်ထားခြင်းကြောင့်တကြောင်းလုံခြုံမှူရှိသည်ဟုမှတ်ယူခဲ့ကြသည်။ဤသို့ ဖြင့်နှစ်များပြောင်းရွေ့ လာသောအခါဒဏ္ဍာရီသဖွယ်ပုံပြင်များဖြင့်တချို့ သက်ကြီးရွယ်အိုများကလူငယ်များကိုဘုရားဝမ်းပူသည်တောတောင်များနှင့်လယ်ကွင်းများအနီးတွင်ရှိကြောင်း၊စကားပြောကြောင်း၊ထမင်းနှင့်အသားငါးများကိုအလွန်ကြိုက်နှစ်သက်စားသောက်ကြောင်း၊ဘုရားဝမ်းပူနှင့်တွေ့ လျင်တွေ့ သူသည်သူဋ္ဌေးဖြစ်လာမည်ဖြစ်ကြောင်း၊ဘုရားဝမ်းပူအားထမင်းနှင့်အသားငါးများကိုချက်ပြုတ်ကျွေးလျှငှ်ရွှေငွေရတနာများကို၎င်း၏ဖင်မှထုတ်ပေးကြောင်းဖြင့်ပြောကြားကြသည်။
ဤဘုရားဝမ်းပူများနှင့်တွေ့ ၍သူဋ္ဌေးဖြစ်လာသောသူများရှိကောင်းရှိမည်ဖြစ်သော်လည်းအဆိုပါဘုရားဝမ်းပူများမှာရန်သူဗမာရို့ ၏ခိုးဝှက်လုယှက်မှူအန္တရယ်ရန်မှကာကွယ်နိုင်ရန်ကျွန်တော်ရို့ ရခိုင်အဘိုးအဘောင်ရို့ ကပြုလုပ်ထားခဲ့ခြင်းသာဖြစ်ပြီးစကားပြောသောဘုရားဝမ်းပူများလည်းမဟုတ်၊မဟာယာနရို့ ၏သင်္ကေတများလည်းမဟုတ်ပါ။
Saturday, 2 February 2013
စဉ်း(စိုင်း)စားစုဝေးညီညွတ်သင့်ဗျာယ်
Verse 1 - စဉ်း(စိုင်း)စားကြည့်ဝေ ကျွန်သဘောက်ဘဝကို
            ထိုးဖောက်မြင်ယင့်လား------
            ရာဇဝင်အဆက်ဆက်မျိုးမြတ်ခရေ သားရခိုင်ရို့ 
            မင်းရို့ ငါရို့ မှာထီးနန်းလည်းပျောက်ဗျာယ် သူ့ ကျွန်ဘဝရောက်လီဗျာယ်+++
Verse 2- စဉ်း(စိုင်း)စားကြည့်ဝေ လက်ရှိဘဝကို
            ရှရှင်းလလင်းမြင်ယင့်လား------
            ဖိနှိပ်မှုအမျိုးမျိုးနှိပ်ကွပ်ထားရေ တိုင်းတပါးရို့ 
            ကျွန်ပြုငါရို့ ကိုဂုတ်သွီးလည်းစုပ်ဗျာယ်  မျိုးဖျောက်ဖို့ ကြံနီဗျာယ်+++
            Chorus:    ယုံကြည်ချက် ဆုံးဖြတ်ချက်တခုကို ပပိုင်ချ အမျိုးသားအတွက်လေ
              ပီးဆပ်လိုက်မင်းဘဝတခုကို ပြည်သူအတွက်ဖြစ်စီ----------
Verse 3-  စည်းလုံးကတ်မယ် တော်လှန်ရေးတလျောက်မှာ
             ညီညွတ်မှုကိုတည်ဆောက်လား-------
             တခုတည်းသောအလံအောက် စုဝေးကတ်မယ်သားရခိုင်ရို့ 
             မင်းရို့ ငါရို့ မှာအဖွဲ့ အစည်းတိကွဲဗျာယ် ဖြစ်လို့ မနီသင့်ဗျာယ်+++
                မှတ်ချက် ။ ကျွန်တော်ရွီးထားရေသခြင်း။
Wednesday, 30 January 2013
သမိုင်းပီးတာဝန်
-       -  ဓညဝတီ၊ဝေသာလီ
လေးမြို့ နန့် မြောက်ဦးမြီ
ခေတ်အဆက်ဆက်မျိုးရခိုင်မှာ
ထွန်းတောက်ခသမိုင်းအစိုင်(အစဉ်)လာ
ကမ္ဘာတခွင်မှာမှော်ကွန်းထိုးခသည်။
-      - မာရယု၊သူရိယ
စန္ဒြားနန့် ခတ္တသင်
မြောက်ဦးခေတ်မင်းစောမွန်နန့် 
ကြီးမားခရခိုင့်တပ်မတော်
ရီပြင်တလွှားမှာစိုးမိုးလွန်းခသည်။
Chorus  ရက္ခပြည်အီးချမ်းသည်
စည်ပင်ဝဖြိုးတိုးတက်ထွန်းကားသည်
 ဂုဂနိန့် မှာဝမ်းနည်းစရာ
တိုင်းတပါးရို့ သိမ်းပိုက်ကျွန်ပြုသည်
-       - အဘိုးအဘောင်ရို့ တည်ဆောက်သည့်
ကြီးမြတ်သည့်ရက္ခပြည်
ခေတ်အဆက်ဆက်ထွန်းတောက်နိုင်အောင်
ထိန်းသိမ်းဖို့ ငါရို့ တာဝန်ကို
ကြေကြေပွန်ပွန်ထမ်းဆောင်ကတ်ရမည်။
-     -    တော်လှန်သောမျိုးဆက်သစ်
ရဲရရင့်နန့် တိုက်ထုတ်မည်
စွန့် လွတ်သည့်အမျိုးချစ်စိတ်နန့် 
နယ်ချဲ့ ရန်အငုတ်ကမကျန်အောင်
ရခိုင်ပြည်တလွှားကတိုက်ထုတ်ပိုက်လိုက်မည်။ 
( အညတရ ခိုင်သာမြ )
Monday, 28 January 2013
သင်းကွဲကေ
အမျိုးသား
နိုးကြားလာအောင်စွမ်းဆောင်
ကျွန်လူ့ ဘောင်စနစ်၊တွန်းလှန်ပစ်ဖို့ 
မျိုးချစ်စိတ်နန့် လက်နက်ကိုင်
ဖြစ်ပျက်မှုငတ်ပြတ်ဒဏ်ကို ဇာတိသွီးမာန်နန့် ခံနိုင်ရည်ဝ
အမျိုးသားမာန်အောင်လံထူ
ပြည်သူကိုချစ်ကြည်ဖြူလို့ မိတ္တာထုကြီးမားဂတ်ပနာ။
အမျိုးသား
လူသားအဖြစ်မရှုံးအောင်
ဘဝရှုံးဖြစ်ဆိုးစနစ်က
ပုတ်သိုးခြင်းများဆွဲထုတ် ထုတ်ဖြီ
သရုပ်မပြ ဟန်မဆောင်
စေတနာရှေ့ ဆောင်ကတ်ပနာ။
အမျိုးသားအတွက်
မိတ္တာ၊စေတနာ အရင်းပြုကေ
တိုင်းပြည်ပြုသားကောင်းများ
သွီးသားအတွက် သမိုင်းပြု နောင်လူထုလေးစားလီအောင်
အတ္တတောင်စွယ်ကိုဖြိုဖျက်
မိတ္တာနန့် လက်ယှက်လို့ 
အသက်ချင်းယှဉ် ကာကွယ်ကတ်ကေ
စိတ်ဝမ်းကွဲကတ်လို့ အပိုရာ။
အမျိုးသားအချင်းချင်း
သမိုင်းပီးချင်းကအတူတူ
ကျွန်ပြုသူမောင်းထုတ်၊တော်လှန်သရုပ်ပီပြင်လာအောင်
သင်းမကွဲ အင်အားမပြိုခင်
ပန်းမဏ္ဍိုင် တာမဝီးအောင်
သွီးစည်းညီညွတ်အောင်တည်ဆောက်
မြီနန့် လူမျိုးမပျောက်ကတ်ခင်။  ။
    ၂၀. ၁၀. ၉၆
 ( ခိုင်စံမြအောင် )
အထွေထွေအတွင်းရေးမှူး
    R P L C
Sunday, 27 January 2013
ခွီးရူး
ခွီးရူးအူသံကြားရရေ
တစ်ကောင်
နှစ်ကောင်
ဆယ်ကောင်
အကောင် တစ်ရာ
အကောင်မကန်
လိုင်တောင်းမပါ ဒဏ်ရာမဟိ
ခွီးရူးတိ သွီးရူးသွီတန်းအူနိန်ကတ်ယင့် ။
တစ်မွန်းတည့်ထက် ကောင်းစားနိန်ရေ ခွိးရူးတိ
လူ့ ကို မမူ
သံဃာကို မလေးစား
လမ်းကြားထဲ ပတုန်းထောင်ပနာ ဇင်းဂြာ(စင်္ကြံ)လျှောက်လို့ 
အာရုံထဲ နိန်မထိထိုင်မသာ
ထပနာလိုက်သတ်ဖို့ ကလဲ မစွမ်း
ပင်ပမ်းလိုက်တေ ဝေ ။
နီပူတိပြင်းလာဗျာယ် ...
အရူးပြင်းလာဖို့  ခွီးတိအတွက်
စိုးရိမ်စိတ်ကလဲ များလာမိယင့်
ခွီးရူးရောဂါ တခြားခွီးတိကိုလည်းကူး
လောကမှာ ခွီးရူးတိများသထက်များလာနိန်ရေ ။
သတိထား ဝေ
ခွီးရူးမကိုက်တေ လူသားစင်စစ်ဖြစ်ဖို့ 
ကောင်းစားနိန်ရေခွီးရူးတိ ဇာနမွန့် တည့်လားပတ်စီ
တနိန့် တော့ ခွီးရူးတိလားရာလမ်းစွာ မရဏအကျလမ်းရာ
ငါရို့ ခွီးရူးရောဂါပျောက်ဆီးလို ရေ
ငါရို့ ခွီးရူးသတ်ဖို့  လက်နက်တိလိုရေ
ငါရို့ ခွီးရူးမဟုတ်တေ လူသားစစ်စစ်ဘက်တော်သားတိလိုရေ
အားတင်းထားဝေ ...
ခွီးရူးတိမဟိရေ ကမ္ဘာမှာ
ငါရို့ ရီးပခကတ်ဖို့ သမိုင်း
မျိုးဆက်တိအတွက် တန်ဖိုးထားစရာ တစ်ခုတော့ဖြစ်လိမေ ။
ခွီးရူးအူသံ ကြားနိန်ရရေ
အစိမ်းသရဲ မှော်ကဝေမာယာနန့် 
ဆွဲဆွဲငင်ငင် ဂီတ
ငါ့နားထဲ အစပ်စုပ်ဆုံးကြားနိန်ရရေ ...
မွန်းတည့်ပေါင်းဇာနှစ်ခု ဇာနှစ်ခုထိလဲ
ငါရို့ ဒေခွီးရူးလည်ခြောင်းသွီးနန့်  လောကကို ယစ်ပူဇော်ဖို့ လိုနိန်ယာဝေ ။
ခိုင်ရမ္မာ(၂၇/၀၁/၂၀၁၃)
Friday, 25 January 2013
Khine Rammar ၏ ---------
ချစ်သူ ...
မိုးသည်းရေ နိန့် တစ်နိန့် မှာ
မင်းကိုငါ စတွိခရေ
မင်းရေ မိုးနတ်သ္မီးချေ ပ ...။
ထီးချေ နနီ
လွယ်အိပ်ချေ ဖြဖြူ
မင်းပြုံးပြခရေ အပြုံးတစ်ချက်စွာ
ငါ့နှလုံးသား တစ်ပြင်လုံးကို ရီစီးကမ်းပြိုဖြစ်စီခရေ ...။
ချစ်သူ ...
တက္ကသိုလ်စွာ သူ့ ရာသီချိန်အပြီး
ငါရို့ တိကို ဒဏ်ရာကိုယ်စီပီးပနာ
ခတ်ဝီးဝီးကို နှင်လွှတ်ခရေ ...။
ငါရေ မင်းမဟိရေ နယ်မြီခတ်များများမှာ
အလွမ်းဆိုရေ စာအုပ်တစ်အုပ်ကို ထိုင်ဖတ်ယင်း အချိန်တိကုန်လွန်ခရေ
တစ်ခါတစ်ရီ ယင်းစာအုပ်စွာ မင်းဖြစ်နိန်ရေပိုင်
တစ်ခါတစ်ခါလည်း ငါကိုယ်တိုင်စွာ ယင်းစာအုပ်ဖြစ်နိန်တတ်တေ ...။
ချစ်သူ ...
ဂုလည်း မိုးသည်းနိန်ပြန်ယာ ဝေ
မင်းမဟိရေ ဒေနယ်မြီသစ်မှာ
မင်းကိုတွိဖို့ လားဆိုရေအတွီးနန့်  လိုက်ဟြာနိန်မိရေ ငါ့ဝေဒနာညဇာသားတိ
တစ်နိန့် ပြီး တစ်နိန့် 
တစ်ပတ်ပြီး တစ်ပတ်
တစ်လပြီး တစ်လ
ငါဖတ်နိန်ကျ အလွမ်းစာအုပ်လည်း
ဖတ်ယင်း ဖတ်ယင်း စာရွက်တိများများလာပါကား ဝေ ...။  ။
25/01/2013
Arakan Army did not arrest six Bangladeshis
On November 13, 2024, RFA Burmese News reported a story titled  "AA Detains Six Bangladeshi Khaing Thukha Nationals."   The repo...