Monday 11 February 2013



ရခိုင့်တပ်မတော်မှစစ်ဦးစီးချုပ်ဗိုလ်ခိုင်ရာဇာနှင့်ကရင်လွတ်မြောက်ရေးတပ်မတော်မှဖဒိုမူးလွေအပါအဝင်ခေါင်းဆောင်ခြောက်ဦးကို(၁၁.၂.၁၉၉၈) နေ့ တွင်အိန္ဒိယစစ်ထောက်လှန်းရေးအရာရှိတဦးဖြစ်သည့်မစ္စတာဂရောဝါးကဗမာစစ်တပ်နှင့်ပူးပေါင်းကာလုပ်ကြံသတ်ဖြတ်ခဲ့သည့်(၁၅)နှစ်ပြည့်ဝမ်းနည်းအောက်မေ့သတိရအခမ်းအနားတခုကိုရခိုင့်တပ်မတော်မှရဲဘော်ကြီးများကနယ်သာလန်နိုင်ငံရောက်ရခိုင်ညီအကိုမောင်နှမများနှင့်အတူကျင်းပခဲ့ကြသည်။
ယင်းအခမ်းအနားတွင်တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ထက်ဆုံးစွမ်းစွမ်းတမံကိုယ်ကျိုးမဖက်လုပ်ဆောင်လားခဲ့သည့်ရခိုင့်သားလှရတနာဗိုလ်ခိုင်ရာဇာနှင့်တကွကျဆုံးခဲ့ရသည့်ခေါင်းဆောင်များကိုတမိနစ်ငြိမ်သက်ဦးညွတ်အလေးပြုခြင်းနှင့်စတင်ပြီးနယ်သာလန်နိုင်ငံရောက်ရဲဘော်ကြီးများထဲမှခေါင်းဆောင်ကိုဓညလင်း၊ကိုသိန်းအောင်ကျော်ရို့ က၎င်းရို့ ၏အမြင်နှင့်ခံစားချက်များကိုဆွေးနွေးတင်ပြကြသည်။
ကိုဓညလင်း၊ကိုသိန်းအောင်ကျော်နှင့်နယ်သာလန်ရောက်ရဲဘော်ကြီးများမှာအဆိုပါ(၁၁.၂.၁၉၉၈) နေ့တွင်စစ်ဦးစီးချုပ်ဗိုလ်ရာဇာနှင့်အတူထိုင်းနိုင်ငံမှတဆင့်ပင်လယ်ရေကြောင်းဖြင့်အိန္ဒိယနိုင်ငံသို့စစ်ဆင်ရေးတခုပြုလုပ်ရန်၊အခြေစိုက်စစ်စခန်းတခုဖွင့်ရန်အိန္ဒိယစစ်ဖက်ဆိုင်ရာရို့၏သဘောတူညီချက်ဖြင့်ရောက်ရှိလာခဲ့ကြသူများဖြစ်ခဲ့ကြသည်။
အိန္ဒိယစစ်ထောက်လှမ်းရေးအရာရှိမစ္စတာဂရောဝါးကသစ္စာဖောက်ပြီးဗမာစစ်ဖက်အရာရှိများနှင့်ပူးပေါင်းကာစစ်ဦးစီးချုပ်ဗိုလ်ရာဇာ၊ဗိုလ်မှူးစောထွန်း၊ဗိုလ်ရန်နိုင်၊ဗိုလ်လင်းဇာခိုင်၊ဖဒိုမူးလွေနှင့်ဗိုလ်မြင့်ဆွေ ရို့ကိုသစ္စာမဲ့စွာလုပ်ကြံသတ်ဖြတ်ခဲ့သည်။ယင်းနောက်ကိုဓညလင်း၊ကိုသိန်းအောင်ကျော်နှင့်ယခုနယ်သာလန်ရောက်ရဲဘော်ကြီးများကိုအင်အားသုံးဖမ်းဆီးကာဥပဒေပုဒ်မများဖြင့်စွဲချက်တင်ပြီးနှစ်ပေါင်း(၁၃)နှစ်ကျော်ကြာသည်အထိဖမ်းဆီးထားခဲ့သည်။
နိုင်ငံတကာရောက်ရခိုင်သူ၊ရခိုင်သားရို့ ၊တိုင်းရင်းသားမဟာမိတ်ရို့ ၊ဒီမိုကရေစီအင်အားစုရို့ နှင့်အိန္ဒိယမှအမှန်တရားကိုလိုလားသောပြည်သူရို့အပါအဝင်အထင်ကရအိန္ဒိယရှေ့နေများဖြစ်သည့်မစ္စနန္ဒီတာဟာဆာ၊မစ္စတီဘာစန္ဒာ၊မစ္စတာသိဒ္ဒိတနှင့်မစ္စတာရှာမာရို့ ၏စိတ်အားကိုယ်အားဖြင့်ကူညီဆောင်ရွက်ပေးမှူများကြောင့်ကိုဓညလင်း၊ကိုသိန်းအောင်ကျော်နှင့်ရဲဘော်ကြီးများမှာအိန္ဒိယမှလွတ်မြောက်လာနိုင်ခဲ့ကြပြီးယ္ခုနယ်သာလန်နိုင်ငံတွင်နေထိုင်လျှက်ရှိကြကြောင်းသိရပါသည်။

No comments:

Post a Comment

Myanmar Army makes hydropower project like a shield to fight ArakanArmy

 Myanmar Army utilizes Thahtay stream hydroelectric project site like a shield to attack back Arakan Army(Arakha Army) nowadays. The intrude...