Thursday 28 February 2013

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီအတွင်းရေးမှူးဦးဦးလှစောသည်မကြာခင်အချိန်ကာလတွင်သြစတေးလီးယာနိုင်ငံသို့ လားရောက်မည်




ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက အတွင်းရေးမှူး ဦးဦးလှစောသည် မကြာခင် ရက်သတ္တပါတ်အတွင်းကာလမှာ သြစေတးလီယာနုင်ငံသို့  ချစ်ကြည်ရေးခရီးလေ့လာပွဲအနေဖြင့် ကမ်ဘာရာမြို့ ကို ထွက်ခွါလားမည်ဖြစ်ပါသည် ။ သြစတေးလီယာအမျိုးသားတက္ကသိုလ် -ကမ်ဘာရာမြို့ -က ဖိတ်ကြားခြင်းဖြစ်ပြီး ထိုတကက္ကသိုလ်၏အခန်းအနားမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ကျင့်သုံြး

ခင်းနှင့်ရခိုင်ပြည်နယ်၏ကံကြမ္မာဆိုသည့် ခေါင်းစဉ်ဖြင့်  စာတမ်းဖတ်ကြားမည်ဟု သိရပါသည်။ ၀ါရင့်ရခိုင်နိုင်ငံရေးသမားဖြစ်သူ ဦးဦးလှစောသည် ဦးသန်ု့ အရေးအခင်းတွင် ထောင်ဒဏ်-၁၄-နှစ်ကျခံခဲ့ ရသည့် အသက်အငယ်ဆုံး တက္ကသိုလ်ကျောင်းသားဖြစ်ခဲ့ ပါသည် ။ ၁၉၈၈- ခုနှစ် ဒီမိုကရေစီအရေးအခင်းကာလမှာ ဗဟိုသပိတ်ကော်မီတီ ကို ဖွဲ့ စည်းပြီး အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ကာ ရခိုင်ပြည်နယ်အတွင်း အကြမ်းမဖက် ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီရရှိရေးအတွက် မြို့ ပြလုံခြုံရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ ကို ဖွဲ့ စည်းစေခဲ့ သူဖြစ်ပါသည် ။ စစ်အစိုးရက အာဏာသိမ်းသည့် အချိန်မှာ သပိတ်ခေါင်းဆောင်များကို တွေ့ ဆုံဆွေးနွေးရန်  ပြည်နယ်အဆောက်အဦးတွင် လိမ်လည်ခ်ါယူခြင်းကိုလားရောက်တက်ချိန်အစည်းအဝေးခမ်းမမှမတရားဖမ်းဆီးခြင်းခံခဲ့ ရပါသည်။ ထောင်ဒဏ်-၁၄-နှစ်ကို ကျခံခဲ့ ရပြီး စစ်တွေအကျဉ်းထောင်အတွင်းမှာ ရခိုင်သမိုင်းပညာရှင် ဆရာကြီးဦးဦးသာထွန်းနှင့် အတူတကွ ထောင်သွင်းကျခံခဲ့ ရသူဖြစ်ပါသည်။
ဦးဦးလှစောသည် စာရေးဆရာ-ကဗျာဆရာ တယောက်ဖြစ်ပြီး မောင်ခိုင်အောင် ( စစ်တွေ ) ကလောင်အမည်နှင့်  ရေးသားနေသူ ထင်ရှားသည့် အနုပညာရှင် တဦးဖြစ်ပါသည် ။ စစ်တွေထောင်မှ လွပ်မြောက်လာခဲ့ ပြီးနောက် ကျူရှင်ဆရာဘ၀ဖြင့် အသက်မွေးဝမ်းကျောင်းသူဖြစ်ပါသည် ။ ဤသို့ သြစေတးလီယာနိုင်ငံက ဖိတ်ကြားသော စာတမ်းဖတ်ပွဲကို လားရောက်ရခြင်းဖြစ်သည့်အတွက် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီအနေဖြင့် သော်၎င်း- ရခိုင်ပြည်သူအနေဖြင့်ပါ ၀မ်းမြောက်ဂုဏ်ယူရပါသည်ဟု စစ်တွေမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က အမှာစကား ပြောလာပါသည် ။ သြတေးလီယာနိုင်ငံ ကမ်ဘာရာမြို့ က ခင်မင်ရင်းနှီးသော သူများအား အသိပေးကြပါရန် မေတ္တာရပ်ခံလိုက်ပါသည်။

ခိုင်အောင်ကျော် ( နယူးယောက် )

No comments:

Post a Comment

Myanmar Army makes hydropower project like a shield to fight ArakanArmy

 Myanmar Army utilizes Thahtay stream hydroelectric project site like a shield to attack back Arakan Army(Arakha Army) nowadays. The intrude...