Friday 8 February 2013
ဘုရားဝမ်းပူ
မဟာယာနဗုဒ္ဓဘာသာထွန်းကားသည့်တရုတ်ပြည်တွင်ဘုရားဝမ်းပူရုပ်ထုများအားဗုဒ္ဓ၏ကိုယ်စားအဖြစ်ကိုးကွယ်ဆည်းကပ်ကြပါသည်။ယင်းသည်မဟာယာနဗုဒ္ဓ          ဘာသာ၏သင်္ကေတတခုသဖွယ်ဖြစ်လာခဲ့သည်မှာနှစ်ရာထောင်ချီ
၍ပင်ကြာညောင်းလာခဲ့ပြီဖြစ်ပါသည်။၎င်းဘုရားဝမ်းပူများကို( ဟိုချန် ) ဟုတရုတ်ရို့ကခေါ်ဝါကြောင်းမှတ်သား
ရပါသည်။ကျွန်တော်ရို့်ရခိုင်ပြည်တွင်လည်းအဆိုပါဘုရားဝမ်းပူများကိုမြောက်ဦးခေတ်နှောင်းပိုင်းတွင်အဘိုး၊အဘောင်ရို့ကဥစ္စာပစ္စည်းများကိုရန်သူဗမာရို့မတရားသိမ်းယူခြင်းမှကာကွယ်နိုင်ရန်အသုံးပြုခဲ့ကြကြောင်းသိရပါသည်။
ရက်စက်စွာသတ်ဖြတ်ခဲ့ကြသည့်အပြင်ရွှေငွေရတနာများကိုလုယှက်ယူဆောင်ကြသည်။မဟာမုနိဘုရားနှင့်တကွများစွာသောအဖိုးမဖြတ်နိုင်သည့်ရတနာများကိုခိုးဝှက်ယူငင်ခဲ့ကြသည်။ဤသို့ ရန်သူဗမာများ၏ခိုးဝှက်လုယှက်မှူများမှလွတ်ကင်းနိုင်ရန်အလိုငှာရခိုင်အဘိုးအဘောင်ရို့ သည်၎င်းရို့ ၏ဥစ္စာပစ္စည်းရတနာများကိုဘုရားဝမ်းပူများ၏ဝမ်းအတွင်း၌ထည့်သွင်းကာလုံခြုံရမည်ထင်သည့်တောတောင်များထဲတွင်ဝှက်ကွယ်ထားခဲ့ကြသည်။
ဗုဒ္ဓဘာသာကိုမိရိုးဖလာယုံကြည်ကိုးကွယ်လာခဲ့ကြသည့်ကျွန်တော်ရိုံ့ရခိုင်များကဘုရားရုပ်ထုများကိုရှိခိုးရိုသေကြသည်ကြောင့်တကြောင်း၊တောတောင်များ၌ဝှက်ကွယ်ထားခြင်းကြောင့်တကြောင်းလုံခြုံမှူရှိသည်ဟုမှတ်ယူခဲ့ကြသည်။ဤသို့ ဖြင့်နှစ်များပြောင်းရွေ့ လာသောအခါဒဏ္ဍာရီသဖွယ်ပုံပြင်များဖြင့်တချို့ သက်ကြီးရွယ်အိုများကလူငယ်များကိုဘုရားဝမ်းပူသည်တောတောင်များနှင့်လယ်ကွင်းများအနီးတွင်ရှိကြောင်း၊စကားပြောကြောင်း၊ထမင်းနှင့်အသားငါးများကိုအလွန်ကြိုက်နှစ်သက်စားသောက်ကြောင်း၊ဘုရားဝမ်းပူနှင့်တွေ့ လျင်တွေ့ သူသည်သူဋ္ဌေးဖြစ်လာမည်ဖြစ်ကြောင်း၊ဘုရားဝမ်းပူအားထမင်းနှင့်အသားငါးများကိုချက်ပြုတ်ကျွေးလျှငှ်ရွှေငွေရတနာများကို၎င်း၏ဖင်မှထုတ်ပေးကြောင်းဖြင့်ပြောကြားကြသည်။
ဤဘုရားဝမ်းပူများနှင့်တွေ့ ၍သူဋ္ဌေးဖြစ်လာသောသူများရှိကောင်းရှိမည်ဖြစ်သော်လည်းအဆိုပါဘုရားဝမ်းပူများမှာရန်သူဗမာရို့ ၏ခိုးဝှက်လုယှက်မှူအန္တရယ်ရန်မှကာကွယ်နိုင်ရန်ကျွန်တော်ရို့ ရခိုင်အဘိုးအဘောင်ရို့ ကပြုလုပ်ထားခဲ့ခြင်းသာဖြစ်ပြီးစကားပြောသောဘုရားဝမ်းပူများလည်းမဟုတ်၊မဟာယာနရို့ ၏သင်္ကေတများလည်းမဟုတ်ပါ။
No comments:
Post a Comment
Myanmar Army makes hydropower project like a shield to fight ArakanArmy
 Myanmar Army utilizes Thahtay stream hydroelectric project site like a shield to attack back Arakan Army(Arakha Army) nowadays. The intrude...