ကြွင်းကျန်နီရောင်ခြည်ထဲ ဖုန်မှုန့် အလိပ်တိက မျက်စိမှိတ်ခေါင်းငိုက်ချလိုက်ေ လေးဝတိလခြမ်းမြီမှာ နီမင်းကြီးကွယ်ပျောက်လို့  နှမြောတသအလွမ်းစိတ်ချေက ဝေဒနာတခုကို အလိပ်လိုက်အလိပ်လိုက် ရင်ခေါင်းထဲကိုယူလာရေ ။ - ဒေပိုင်ညဇာသားတိထဲမှာ ဟောင်းလောင်းဖြစ်နီရေရင်ဘတ်နန့်  ကြမ္မာငင်နီရေဝေဒနာအတွက် ဇာအချိန်ထိအောင် ခါးသီးစူးရှ နီရဖို့ လဲမဆိုနိုင် ။ - ယေဇူးနန့် ငါရို့ မျိုးဆက် နှလုံးအိမ်ထဲကဝိဝါဒ ယုံကြည်ချက်တိရှင်သန် နီပွင့်ရေအရပ်ကိုမျက်နှာမူ ကြယ်လတ်တေခေါင်းခင်ထဲပျံသန်း မီးလျံထဲကဓါးတလက်ပိုင် ငရဲမီးကိုသွန်ချ သမိုင်းတခေတ်က လေးဝတီလခြမ်းမြီမှာ ခါးသီးစူးရှခရ နီမင်းကြီးကွယ်ပျောက်ခြင်းအတွက် သမိုင်းရာဇဝင်လှန် အသစ်တဖန်ဖန်တီးဖို့  အာရုံဦးပန်းချီကားတချပ် နီပွင်ရေနိန့် ရက်နန့်  ကျစ်လစ်စွာရွှီးဆွဲဖို့  နီရဲရေသွီးစက်တိကို စုတ်ချက်တင်ပီးကတ်ရဖို့ ယေ ။ ။ အညတရ |
No comments:
Post a Comment