Pages

Thursday, 10 January 2013

ပန်းရိုင်းတပွင့်၏အတ္ထုပ္ပတ္တိ (၁)

by Maung Moe Zaw on Tuesday, August 30, 2011 at 5:58pm ·

ငါရေ
နီမင်းကို မျိုချထား
ခေါင်းကင်အောက်က ညဇာသား
အိမ်အပြန်ပန်းချီကားက
ငှက်အုပ်တအုပ်ကို
အားကျခရသူပါ။
ငါရေ
စွန့်လွတ်ခြင်းသံသရာထဲ
သမိုင်းကွေ့၏သားကောင်
တော်လှန်စစ်ပွဲ အောင်လံဖြစ်ပြီး
ဒေလက်နှစ်ဖက်မှာ
သွီးနီစွန်းခရသူပါ။
ငါရေ
လီးလံရှည်လျားဘင်းထမ်း
ဖိနှိပ်ခြင်းပုံစံနန့်
အမျိုးသားရို့လွတ်မြောက်ရာ
ကိုလိုနီဘင်းထမ်းကို
ဖြိုဖျက်ရချင်သူပါ။
ငါရေ
ရာဇ၀င်တိ၏
သူရဲကောင်းလည်းမဟုတ်
မိုးကောင်းကင်၏ ကြယ်တပွင့်လည်းမဟုတ်
စာသင်ခန်းထဲ အဆုံးစွန်ခြင်းလည်း မဟုတ်ပိုင်
က၀ိပညာရှင်တဦးလည်းမဟုတ်ပါ။
ငါရေ
အရိုးစင်းဆုံး
မြတ်နိုးမှုအထုံးအဖွဲ့နန့်
ကဗျာတိကိုခုံမင်ရေ
နက်ရိုင်းမှုတောတောင်ထဲက
ယုံကြည်တိုက်ပွဲဝင်
အရိုင်းပန်းတပွငိ့မျွှပါ။
                              အညတရ

No comments:

Post a Comment