|
-ညဥ့်က---
ပိန်းပိတ်မဲမှောင်
မိစ္ဆာဝင်ပူး၊လမိုင်းကပ်မြူးဂေ
သီခြင်း၏ပြယုဂ်က သစ်ပင်ဖျားတိထက် ယိမ်းနွဲ့ ဗျာယ်ကခုန် အရိပ်တခုပိုင်ဗြီးလွှား လျပ်တပြကွယ်ပျောက်လားလီယင့်။ -သင်းကွဲခငှက် ခြောက်သွီ့ ခြင်းကမ္ဘာ ကန္တာရလွင်ပြင်မှာ ညဥ့်နန့် နိန့် ထဲခရီးနှင်တကိုယ်တည်း-- မိစ္ဆာညဥ့်နက်နက်၊တခြမ်းပဲ့လနန့်  မရပ်မနားပျံသန်းယင်းလေ ယိုစီးကျခရ၊ဒဏ်ရာတိထက်က သွီးနီစက်နန့် ၊လူးလွန့် ဖြတ်ကျော် မိစ္ဆာအတတ်၏အသုဘညဥ့်တွင် အသက်တရာမနီသာလည်း အမှုတရာမရှုနိုင်ခ ပုံပြင်မဟုတ်၊သခြင်းလည်းမဟုတ် အချစ်အစွန်းနန့် အိုစာနီခရေ ဆယ်စုနှစ်များ၏ရင်ခုန်သံ ခေါင်းခင်မြီကြီး၏လျှိဝှက်ချက် ဖြေချင်းချက်ကမရခ-- တရိပ်ပြီးကေတရိပ် ပွားစည်းလာရေ၊ကင်ဆာကလပ်စည်းတိပိုင် အသစ်စက်စက်ပစ္စုပ္ပန်တည့်တည့်ထံ ချဉ်းကပ်လို့ လာနီရေဂါ။ -နိုင်းရတန်ဖိုးတိကို အလီးချိန်တတ်တေကံကြမ္မာ နယူတန်၏တတိယနိယာမ သုံးပွင်ဆိုင်ရုပ်လုံးကြွဆိုစွာက အရက်ပျံစိမ်ထားရေ ဖန်ပုလင်းတလုံးထဲ မသက်မသာနန့်  ဒေနီရာမှာ ဇယားကရှပ်လာရေ။ -သို့ သော် ဝှက်ဖဲချပ်တိကို ကံကြမ္မာထံမှာ မျက်ရည်ခံထိုး ပေါင်နှံဖို့ အတွက် သိုက်မြုံကိုစွန့် လို့  ဒေသမိုင်းခရီးကို ပျံသန်းနီခြင်းမဟုတ်ပါ။ ။ (အညတရ)
|
No comments:
Post a Comment